ဒေးဒရဲ သြဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက် နေပြည်သူများ မိသားစုတစ်နိုင်တစ်ပိုင် ဝင်ငွေများ တိုးပွားစေရေးအတွက် အသက်မွေးဝမ်းကျောင်း သင်တန်း များကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၂ ခုနှစ် သြဂုတ်လ (၁)ရက်နေ့က စတင်၍ အခြေခံ စက်ချုပ် သင်တန်းကို စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာ များမှ သင်တန်းသူ(၃၀)ဦးကို အခြေခံသင်ထောက်ကူပစ္စည်းများဖြင့် စာတွေ့ လက်တွေ့ သင်ကြားပေး လျက်ရှိကြောင်း သိရသည်။ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသရှိ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံ လက်သမားပန်းရံသင်တန်း၊ လျှပ်စစ်သံဂဟေဆက်သင်တန်းများကို အခမဲ့ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကို တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရသည်။
အေဇာလင်း