သန်လျင် သြဂုတ် ၅
သန်လျင်ခရိုင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ (ကိုယ်စား)ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးအောင်မြင့်က ခရိုင်အမျိုးသမီးကော်မတီဝင် ခရိုင်အဆင့်ဌာနဆိုင်ရာ များအနေဖြင့် အမျိုးသမီးငယ်များ ပြုစုစောင့်ရှောက်ရေး၊ သက်ငယ်မုဒိန်းမှုများ ကာကွယ်ရေး၊ အမျိုးသမီးများ အခွင့်အရေးမဆုံးရှုံးစေရေး၊ လူကုန်ကူးခံရခြင်းမှ ကင်းဝေးစေရေး၊ စသည့်လုပ်ငန်းတာဝန်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သီတာအောင်နှင့် ကော်မတီဝင်ဌာနဆိုင်ရာများ၊ တက်ရောက်လာကြသူများက ခရိုင်အမျိုးသမီးကော်မတီမှ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား အကြံပြုဆွေးနွေး တင်ပြကြသည်။
ခရိုင်အမျိုးသမီးကော်မတီအနေဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကူညီထောက်ပံ့ရေးလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများကို ဆက်စပ်ဌာနဆိုင်ရာများ နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်