ကျိုင်းတောင်းမြို့ အ.မ.က(နမ့်တွန်)ကျောင်းသို့ နယ်လှည့်ကွင်းဆင်းဟောပြောပွဲ ဆောင်ရွက်

ကျိုင်းတောင်း သြဂုတ် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့နံနက်(၁၀:၀၀) အချိန်ခန့်က ကျိုင်းတောင်းမြို့ အခြေခံပညာမူလတန်းကျောင်း(နမ့်တွန်)ကျောင်းသို့ နယ်လှည့်ကွင်းဆင်းဟောပြောပွဲ၊ နံရံကပ်ဓာတ်ပုံပြပွဲများနှင့် နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်ကွင်းဆင်း အသိပညာပေးဟောပြောရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းသား/ သူများအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ နယ်လှည့်ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ရှေးဦးစွာ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းသီဟထွန်းက “ စာဖတ်ရခြင်း၏ အကျိုးကျေးဇူး “ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတရရှိစေ​မည့် အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်များကိုလည်း ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ယင်းဟော​ပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များ၊ နံရံကပ်ဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)