ပုဗ္ဗသီရိ ဩဂုတ် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှဦးစီး၍ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီက ဥတ္တရသီရိမြို့နယ်၊ Naypyitaw International Science Academy ကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးစိုးသက်နောင်က မီးလောင်ကျွမ်းခြင်းအခြေခံသဘောတရားများအကြောင်း၊ မီးသတ်ဆေးဘူးအမျိုးအစားများနှင့် အသုံးပြုပုံများအကြောင်း၊ လူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများကို မီးလောင်ခဲ့ရင် အမြန်ဆုံးဆောင်ရွက်ရမည့်အချက်များအကြောင်း၊ မီးလောင်ရင်လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်းနှင့် ကလေးများနှင့် မီးဘေးအန္တရာယ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးအရာရှိ ဦးစိုးသက်နောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ပြသခြင်း၊ ဂတ်(စ်)မီးငြိမ်းသတ်သရုပ်ပြခြင်း၊ စောင်ဖြင့် လူနာထမ်းစင်ပြုလုပ်ခြင်း၊ သယ်ဆောင်ခြင်းများ၊ ရေသန့်ဘူးဖြင့် အသက်ကယ်အင်္ကျီပြုလုပ်ခြင်းများ၊ ပိုလန်နိုင်ငံထုတ် Medium Fire Fighter မီးသတ်ယာဉ်ဖြင့် မီးငြိမ်းသတ်သရုပ်ပြခြင်း၊ LUF-60 မီးသတ်စက်ရုပ်ဖြင့် မီးငြိမ်းသတ်သရုပ်ပြသခြင်း၊ အရေးပေါ်အခြေအနေမှာ အန္တရာယ်ကင်းဇုန်သို့ထွက်ခွာခြင်းများကို သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဥတ္တရခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အာင်ထွန်း၊ မြို့နယ်ဦးစီးအရာရှိ ဦးစိုးသက်နောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်(၂၅)ဦး၊ Naypyitaw International Science Academy ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၂၅၁)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)