သိန္နီ ဩဂုတ် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် လူသားတိုင်းလူ့အခွင့်အရေး အပြည့်အဝရရှိစေရန်နှင့် လူကုန်ကူးခံရမှုနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ရိုက်ကူးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ရိုက်ကူးထုတ်လွှင့်ရခြင်း၏ ရည်ရွယ်ချက်၊ လူကုန်ကူးမှုအဓိပ္ပာယ်ဖွင့်ဆိုချက်၊ မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေအဓိပ္ပာယ်ဖွင့်ဆိုချက်၊ လူကုန်ကူးခံရသူများကို ကာကွယ်စောင့်ရှောက်ခြင်း၊ ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်း သွားလာခြင်း အဆင့်များအနှစ်ချုပ်စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်စုမြတ်လင်းက လူကုန်ကူးမှုဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ လူကုန်ကူးခံရနိုင်မှုအခြေအနေများ၊ လူကုန်ကူးမှုမခံရအောင် တားဆီးကာကွယ်ရေးနည်းလမ်းများအား ဆွေးနွေးခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို သိန္နီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသော We Love Hseni Page နှင့် သိန္နီမြို့နယ် ပြည်သူ့စာကြည့်တိုက် Page တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)