တန့်ယန်းမြို့၌ တန့်ယန်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသစ်ဖွင့်ပွဲ ကျင်းပ

တန့်ယန်း  သြဂုတ် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်းက တန့်ယန်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဖွင့်လှစ်ခြင်း အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အမှတ်(၈)တပ်မတော်တန့်မြင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မြင့်ဦး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်နိုင်၊ နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်း၊ တန့်ယန်းခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ မြို့မိမြို့ဖ ဦးစိုင်းဆန်စိန်တို့က တန့်ယန်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော အကြီးအကဲများနှင့် ဧည့်သည်တော်များအား ရုံးသစ်ဖွင့်ပွဲအထိန်းအမှတ် အလံများအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်းက ပေးအပ်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။

အခမ်းအနားသို့ အမှတ်(၈)တပ်မတော်တန့်မြင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မြင့်ဦး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်နိုင်၊ နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်း၊ တန့်ယန်းခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ မြို့မိမြို့ဖ ဦးစိုင်းဆန်စိန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။                                                                                             

မင်းလွင်ဦး(ပြန်/ဆက်)