သတင်းများ

မြောင်းမြမြို့နယ် ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး(ရက်တို) သင်တန်း ခရိုင်အဆင့် ဖွင့်လှစ်
Aug 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ အမှတ်(၇) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု(ပုသိမ်)က ဖွင့်လှစ်သည့် မြောင်းမြခရိုင်အဆင့် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး (ရက်တို) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက မြောင်းမြမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး မြရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ်၌ ရာသီစာ ပိန်းဉစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ
Aug 10,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ရာသီစာပိန်းဉ စိုက်ပျိုးတောင်သူများ အထွက်နှုန်းကောင်းမွန်သည့်အပြင် ရောင်းချရာတွင်လည်း ဈေးကောင်းရရှိ၍ လုပ်ငန်း အဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ပိန္နဲတောကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။ 
ကျုံပျော်မြို့ ဒါးကချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅)သိန်း စုပေါင်းမျိုးစိုက်ထည့်
Aug 10,2022
ငါးလုပ်ငန်းဦးစီးဌာနက ငါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန်၊ သားစဉ်မြေးဆက် ငါးရိက္ခာ ဖူလုံစွာစားသုံးနိုင်စေရန်နှင့် ရေလုပ်သားများ၏ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အတွက်  သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅)သိန်းအား မျိုးစိုက်ထည့်ခြင်း အခမ်းအနားကို  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ ဒါးကချောင်း၊ သံလျှက်စွန်းကူးတို့ဆိပ်‌ ရေပြင်၌ ဩဂုတ်  ၁၀ ရက် နံနက် ၉ နာရီခွဲ အချိန်က ကျင်းပပြုလုပ်သည်။
ဖားဆောင်းမြို့နယ်တွင် အသက်(၅)နှစ်အောက် ကလေးငယ်များအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေး
Aug 10,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ အသက်(၅)နှစ်အောက် ကလေးများအား အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန် က ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး လူဦးရေစာရင်းပြုစုခြင်း လုပ်ငန်းများ ကျေးရွာများတွင်  ကွင်းဆင်းဆောင်ရွက်လျက်ရှိ
Aug 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်များနှင့် ပေါင်းစပ်၍ လူဦးရေစာရင်း ပြုစုခြင်း လုပ်ငန်းများကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့က စတင်၍ Door to Door စနစ်ဖြင့် ကောက်ယူလျက်ရှိရာ ယမန်နေ့က သံဒင်းကျေးရွာအုပ်စုရှိ ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်တွင် အိမ်ထောင်စုလူဦးရေ စာရင်း (ပုံစံ-၆၆/၆)များကို Software Program ရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
Aug 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များကို Software Program ရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်
Aug 10,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာများအရောက် လစဉ်တစ်လလျှင် (၁၀) ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေးဆွေးနွေးခြင်းကို ဆောင်ရွက်လျှက်ရှိပြီး ယမန်နေ့က ဆောက်ချုံကြီး ကျေးရွာအုပ်စု၊ ဆောက်ချုံကြီးဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
ကွမ်းခြံကုန်းမြို့နယ်၌ ဆေးဆိုင်များအား ဆေးဝါးများ စျေးနှုန်းမြှင့်တင်ရောင်းချမူမရှိစေရေး လိုက်လံစစ်ဆေး
Aug 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်ခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်(၇) ဆိုင်အား ဆေးဝါးများစျေးနှုန်းမြှင့်တင် ရောင်းချမူမရှိစေရေးအတွက် ယမန်နေ့က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။