ဒန့်သလွန်သီးများ ခူးယူရောင်းချချိန်ဖြစ်၍ မိသားစုပုံမှန်ဝင်ငွေရရှိနေ
Aug 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ အနေဖြင့် မိရိုးဖလာ တောင်သူလယ်ယာလုပ်ငန်းအပြင် မိမိရေမြေရာသီနှင့် ကိုက်ညီသော စားဖိုချောင်သုံး အသီးအရွက်ပင်များ စိုက်ပျိုးရောင်းချလာကြရာ ယခုအချိန်တွင် ဒန့်သလွန် သီးများ ခူးယူရောင်းချကြပြီဖြစ်ရာ မိသားစုအတွက် ဝင်ငွေများ ပုံမှန်ရရှိလျက်ရှိကြောင်း သိရှိရသည်။