ဒေးဒရဲမြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး လူဦးရေစာရင်းပြုစုခြင်း လုပ်ငန်းများ ကျေးရွာများတွင်  ကွင်းဆင်းဆောင်ရွက်လျက်ရှိ

ဒေးဒရဲ သြဂုတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်များနှင့် ပေါင်းစပ်၍ လူဦးရေစာရင်း ပြုစုခြင်း လုပ်ငန်းများကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ()ရက်နေ့က စတင်၍ Door to Door စနစ်ဖြင့် ကောက်ယူလျက်ရှိရာ ယမန်နေ့က သံဒင်းကျေးရွာအုပ်စုရှိ ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒေးဒရဲမြို့နယ် ဦးစီးမှူးရုံးက ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်များ ပူးပေါင်း၍ သံဒင်းကျေးရွာအုပ်စုအတွင်း ကျေးရွာများရှိ အိမ်ထောင်စု(၁၀၂)စုမှ သေဆုံးသူ (၂၇)ဦးအား စာရင်းမှပယ်ဖျက်ခြင်း၊ မွေးစာရင်းတိုး ဆောင်ရွက်ခြင်း၊ (၁၈)နှစ်အထက် နိုင်ငံသားကတ် မရှိသူ(၁၃)ဦးအား စာရင်းကောက်ယူခြင်းနှင့် အကွက်အပေါက်ဖြည့်ခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း

မြို့နယ်(ပြန်/ဆက်)