မြောင်းမြ သြဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ အမှတ်(၇) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု(ပုသိမ်)က ဖွင့်လှစ်သည့် မြောင်းမြခရိုင်အဆင့် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး (ရက်တို) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက မြောင်းမြမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး မြရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြောင်းမြခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးစိုးထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် နှစ်စဉ်ကမ္ဘာ့လူဦးရေ၏(၂၁.၆)သန်းသည် လူကုန်ကူးခံနေရကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၀၅ ခုနှစ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း၊ ၂၀၀၆ ခုနှစ်တွင် လူကုန် ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ ယခင်ဥပဒေပါ ပြဋ္ဌာန်းများသည် ခေတ်ကာလနှင့် လိုက်လျောညီထွေမှုမရှိသည့်အတွက် ၂၀၂၂ ခုနှစ် ဇွန်လတွင် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ရပ်ရွာ အခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး အဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့ကို လူကုန်ကူးမှုဖြစ်စဉ်များ ဖြစ်ပွားပါက ဥပဒေနှင့်အညီဆောင်ရွက် နိုင်ရေးသင်တန်းများ ဖွင့်လှစ်ပို့ချရန် လိုအပ်သဖြင့် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး သင်တန်းနည်းပြ ဒုတိယရဲမှူး ဦးကျော်မျိုးသိန်းက သင်တန်းတွင် သင်ကြားမည့် အကြောင်းအရာ ခေါင်းစဉ်များကို သင်တန်းအချိန်ဇယားနှင့်တကွ ရှင်းလင်းဖတ်ကြားပါသည်။ ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းနှင့် ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် ဒုတိယဥက္ကဋ္ဌရဲမှူးမြင့်စိုး၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ မြို့နယ်တို့မှ ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး၊ သင်တန်းကာလမှာ (၃)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)