သတင်းများ

လားရှိုးမြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအခြေခံသင်တန်း(၃)မျိုး သင်တန်းဆင်းပွဲကျင်းပ
Aug 07,2022
ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုအခြေခံသင်တန်း(၃)မျိုး သင်တန်းဆင်းပွဲကို လားရှိုးမြို့၊ လားရှိုးတက္ကသိုလ် ကမ္ဘောဇခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်မရောမြို့တွင် တစ်နိုင်တစ်ပိုင် အိမ်ခြံဝင်း (Home Garden) ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းဖြင့် မိသားစု နေ့စဉ်ဝင်ငွေရရှိ
Aug 07,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နိတုံကျေးရွာတွင် အငြိမ်းစားဝန်ထမ်း တောင်သူ ဦးတင်အေး၏ ဥယာဉ်ခြံအတွင်း တစ်နိုင်တစ်ပိုင် (Home Garden) ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းဖြင့် မိသားစု နေ့စဉ်ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့တွင် မြို့တွင်းသန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်
Aug 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုမြို့တွင် မြို့တွင်းသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်မှုကို ယမန်နေ့နံနက် (၈)နာရီအချိန် က ဆောင်ရွက်ခဲ့ကြသည်။
ပြင်စလူမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့နေ့လည် ၂ နာရီခွဲ အချိန်ခန့်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ပြင်စလူမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Youth Club အဖွဲ့ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Aug 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူစာဖတ်ပရိသတ်များ၊ လူငယ်အသင်း Youth Club အဖွဲ့တို့ ပူးပေါင်း၍ မူယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ် ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့သည်။
သာပေါင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း) ကျောင်းကောင်စီဘောလုံး အသင်းပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုများပေးအပ်ချီးမြှင့်ပွဲကျင်းပ
Aug 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း) ကျောင်းကောင်စီ ဘောလုံးအသင်းပြိုင်ပွဲ ဗိုလ်လုပွဲ၊ ဒိုင်းဆုနှင့် ဆုများချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)ဘောလုံးကွင်း၌ကျင်းပခဲ့သည်။
တွန်းဇံမြို့ ပြည်သူ့ဆေးရုံ၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Aug 07,2022
ချင်းပြည်နယ် တွန်းဇံမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများက တွန်းဇံမြို့နယ် ပြည်သူ့ဆေးရုံ ဝင်းပတ်ဝန်းကျင်၌ ယမန်နေ့နံနက် (၈:၀၀)နာရီအချိန် က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက်ရောက်
Aug 07,2022
မွန်ပြည်နယ်တွင် လူငယ်၊ လူရွယ်များ၊ ကျန်းမာရေးနှင့် အားကစားလိုက်စားသူများ၊ ကျန်းမာကြံ့ခိုင်စေရေးနှင့် စိတ်ဓာတ်ရေးရာ မြင့်မားစေရေးအတွက် ဘက်စုံထောင့်စုံမှ  အရည် အသွေးမြှင့်တင်ပေးရန် ပြည်နယ် အစိုးရအနေဖြင့် အားကစားနည်းများအလိုက် လိုအပ်သည် များကို  ကူညီ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့က မော်လမြိုင်မြို့၊ ပြည်နယ် အားကစားခန်းမ၌ မွန်ပြည် နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် အမျိုးသား/အမျိုးသမီး အသက် (၂၅) နှစ်အောက် စားပွဲတင်တင်းနစ် ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ  ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်ပြည်နယ် (၁၀) မြို့နယ် ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။