သတင်းများ

ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုအား မြို့တော်ဝန်မှ ကြည့်ရှုစစ်ဆေး
Aug 07,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် သန့်ရှင်းသာယာလှပစေရေးနှင့် ခြင်ကြောင့် ဖြစ်တတ်သော ကူးစက်ရောဂါများ ကင်းဝေးစေရန် ရည်ရွယ်၍ အမှတ်(၁၅)ရပ်ကွက်၊ မိုးကောင်းလမ်း၊ အ.မ.က(၁၁)၊ အ.လ.က(၄)ခွဲ ကျောင်းတွင်း/ပြင်ရှိ အမှိုက်၊ သဲ၊ ခဲများ ရှင်းလင်းခြင်း၊ ရေစီး ရေလာကောင်းမွန်စေရေး ရေမြောင်းများ ရှင်းလင်းဆောင်ရွက်ခြင်း၊ သစ်ပင်ခြုံနွယ်ပိတ်ပေါင်း များ ရှင်းလင်းခြင်းတို့ကို ယနေ့ နံနက် ၇;၀၀ နာရီက မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးမှ ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းကာ ကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် စိန်ရတီစာကြည့်တိုက်ဖွင့်ပွဲနှင့် ဝါဆိုသင်္ကန်းကပ် လှုဒါန်းခြင်း အခမ်းအနား ကျင်းပ
Aug 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ ကျောင်းပညာသာမက စာအုပ်စာပေဖတ်ရူခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ အမှတ်(၁)ရပ်ကွက်၊ ဇမ္ဗူဒီပဘုန်းတော်ကြီးသင်ပညာရေး ကျောင်းအတွင်း စိန်ရတီစာကြည့်တိုက်ဖွင့်လှစ်ခြင်းနှင့် သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းများ ကပ်လှုဒါန်းခြင်းကို ယမန်နေ့ နံနက်၁၀နာရီက ကျင်းပခဲ့သည်။
နာဂဒေသလဟယ်မြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်၊စာစောင်ပြပွဲ ကျင်းပ
Aug 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦး‌ဆောင်ကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က လဟယ်မြို့ အခြေခံပညာအထက်တန်းကျောင်း ချယ်ရီခန်းမ၌ ပြုလုပ်ခဲ့သည်။   
ရန်ကုန်အရှေ့ပိုင်းခရိုင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကျင်းပ
Aug 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ၂ဝ၂၂ခုနှစ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက်၉နာရီတွင် ရန်ကုန်မြို့ ရန်ကင်းပညာရေး ဒီဂရီကောလိပ်ရှိ မြတ်ပညာခန်းမ၌ ကျင်းပသည်။
လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ အခြေခံဂျပန်ဘာသာစကား သင်တန်းဖွင့်လှစ်
Aug 07,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အခြေခံဂျပန်ဘာသာစကား သင်တန်း N5 Basic Level Class သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲတွင် လူထုအခြေပြုဗဟိုဌာန ဒုတိယထပ်၌ ကျင်းပသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် သရက်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program ဖြင့် ထည့်သွင်းရိုက်ကူးနေမှုအား ကြည့်ရှုစစ်ဆေး
Aug 07,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့မွန်းလွဲပိုင်းက သရက်မြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒိုက်ဦးမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၂) ကွင်းဆင်းဆောင်ရွက်
Aug 07,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိုနယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက အမှတ် ၄၄၀ ခြေမြန်တပ်ရင်း၌ ပန်းခင်းစီမံချက် အဆင့်(၂) နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့သည်။