ဖားဆောင်းမြို့နယ်တွင် အသက်(၅)နှစ်အောက် ကလေးငယ်များအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေး

ဖားဆောင်း    သြဂုတ်    ၁၀

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ အသက်()နှစ်အောက် ကလေးများအား အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ()နာရီအချိန် က ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေးရာတွင်   ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သူနာပြု() ဒေါ်သက်သက်ထွေးနှင့် ဝန်ထမ်းများက   အသက်()လမှ ()နှစ်အရွယ်ထိ ကလေးငယ်များအား ပေါင်ချိန်ခြင်း၊ အာဟာရပြည့်/မပြည့် တိုင်းတာခြင်း၊ ဗီတာမင်(A) တိုက်ကျွေးခြင်း၊ အသက်()နှစ်နှင့်အထက် ကလေးငယ်များကို သံချဆေးတိုက်ကျွေးပေးပြီး ကလေးငယ်များအား ကြက်ဥများဝေငှပေးခြင်းနှင့် ယခုတိုက်ကျွေးမှုမှာ ၂၀၂၂ ခုနှစ်အတွင်း ဒုတိယရက်သတ္တပတ် တိုက်ကျွေးခြင်းဖြစ်ပြီး၊ ကိုယ်ဝန်ဆောင်မိခင်များကိုလည်း သံဓါတ်အားဆေးများ ဝေပေးခဲ့ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေးပေးခြင်းကြောင့် သန်ကောင်ရောဂါမှ ကာကွယ်နိုင်မည်ဖြစ်ပြီး သန်ကောင်ရောဂါစွဲကပ်လျှင် အာဟာရချို့တဲ့၍ ကြီးထွားမှုနှေးကွေးကာ သင်ယူနိုင်စွမ်းကျဆင်းမှုမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

နန်းသဲနုအောင်(ဖားဆောင်း)