သတင်းများ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး မြစ်သားစိုက်ပျိုးရေး သုတေသနခြံသို့ လာရောက်ကြည့်ရှုစစ်ဆေး
Jan 17,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊  စိုက်ပျိုး​ရေးသုတေသနခြံသို့ ယမန်နေ့နံနက်ပိုင်းက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်းသိရသည်။
ချောင်းသာ၌ စာရေးဆရာ မောင်မောင်ညွန့်လှိုင် ရေးသားသည့် “ကျွန်မစာတတ်ချင်သည်”နှင့် အခြားဝတ္ထုတိုများ စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်
Jan 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Center)ခန်းမ၌ ယနေ့နံနက် (၁၁)နာရီက စာပေချစ်မြတ်နိုးသူ (Women Club) အသင်းအဖွဲ့ဝင်များစုပေါင်း၍ စာရေးဆရာ မောင်မောင်ညွန့်လှိုင် ရေးသားသည့် “ကျွန်မစာတတ်ချင်သည်”နှင့် အခြားဝတ္ထုတိုများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘိုလိမ်းဂိမ်းနှင့် အရုပ်ဆက်ဂိမ်းပြိုင်ပွဲကျင်းပ
Jan 17,2022
ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ဘိုလိမ်းဂိမ်းနှင့် အရုပ်ဆက်ဂိမ်းပြိုင်ပွဲကို ယမန်နေ့ ညနေ ၃နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  ပြုလုပ်ကျင်းပသည်။
စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာပေရေးရာဆွေးနွေးပွဲကျင်းပ
Jan 17,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထု အခြေပြု ဗဟိုဌာနတွင် Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာပေရေးရာဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စာပေဆွေးနွေးခဲ့ ကြောင်းသိရသည်။
ပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက်၊ ချမ်းမြေ့သာစည်လမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌ စတင် အကောင်အထည်ဖော် ဆောင်ရွက်
Jan 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာ မှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူ များ သွားလာမှု အဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ်(၁၄.၃၀) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ချမ်းမြေ့သာစည်လမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ခြင်းကို ဇန်နဝါရီလ ၁၅ ရက်‌နေ့တွင် စတင်အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
Jan 17,2022
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေးရွာအတွင်းရှိ အသက်(၈၅)နှစ် နှင့် အထက်သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက တရုပ်ကော အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများက ဘိုးဘွားများလက်ဝယ်အရောက် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်၊ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင်စိတ်ကြိုက်ပန်းချီပြိုင်ပွဲပြုလုပ်
Jan 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ ကျောင်းသားများအနေဖြင့့််စာကြည်တိုက်နှင့်ရင်းနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေးအခေါ်များရှိစေရန်၊ စာကြည့် တိုက်သို့လာရောက်သည့် အလေ့အထများဖြစ်စေရန်နှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများသိစေရန် ရည်ရွယ်၍ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူအသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး
Jan 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူအသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ရေဟော်ကျောင်းတိုက် ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျန်းမာရေးဝန်ထမ်းများမှ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။