ပဲခူးမြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) ပါ အချက်အလက်များအား ဖြည့်သွင်းဆောင်ရွက်နေမှု (၇၀)ရာခိုင်နှုန်းကျော် ပြီးစီး

ပဲခူး သြဂုတ်

ပဲခူးမြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားများအားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရန် မဲစာရင်းမှန်ကန်ရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/)ပါ အချက်အလက်များအား ကွန်ပျူတာဖြင့် ဖြည့်သွင်းဆောင်ရွက်နေခြင်းကို ဇူလိုင်လ (၁၇) ရက်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့ရာ သြဂုတ်လ ()ရက်နေ့အထိ (၇၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ပဲခူးမြို့နယ်အတွင်း အိမ်ထောင်စု (၁၀၂၄၄၇) စုအား Software Program ဖြင့် ကွန်ပျူတာအလုံး (၆၀) အသုံးပြု၍ ဖြည့်သွင်းလျက်ရှိရာ သြဂုတ်လ ()ရက်နေ့အထိ အိမ်ထောင်စု(၇၂၆၆၇)စု၊ ရာခိုင်နှုန်းအားဖြင့် (၇ဝ.၉၃) ရာခိုင်နှုန်း ဖြည့်သွင်းပြီးစီးနေပြီဖြစ်ကာ သတ်မှတ်ရက်ထက် စောလျင်စွာဖြည့် သွင်းပြီးနိုင်ရေးအတွက် ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပဲခူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ဘုရားကြီးမြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး စသည့်နေရာ()ခု၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ အခြားမိတ်ဖက် အဖွဲ့အစည်းဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ စုစုပေါင်း(၆၀)ဦးတို့မှ နေ့ဆိုင်း/ညဆိုင်းအဖွဲ့များခွဲကာ ဆောင်ရွက်လျက်ရှိပြီး ဖြည့်သွင်းရန်ကျန်ရှိနေသေးသည့် အိမ်ထောင်စု (၂၉၇၈၀)စုကိုလည်း သတ်မှတ်ရက်ထက် စောလျင်စွာ ဖြည့်သွင်းပြီးစီးနိုင်ရေးအတွက် ပဲခူးခရိုင် အုပ်ချုပ်ရေးမှူး၊ ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးမြို့နယ် ဦးစီးမှူးတို့မှ အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)