သာစည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးဖြင့် အောင်မြင်သူများအား ဆုချီးမြှင့်ပွဲပြုလုပ်

သာစည် ဩဂုတ် ၉

မန္တလေးတိုင်းဒေသကြီး သာစည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သူများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း ဝန်းဇင်းမင်းရာဇာခန်းမ၌ ပြုလုပ်ခဲ့သည်။

ဆုချီးမြှင့်ပွဲကို Grade-9 ကျောင်းသား/သူများက “မြန်မာ့ကျောင်း” သီချင်းဖြင့်ဂုဏ်ပြုဖွင့်လှစ်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားသည်။ ဆက်လက်ပြီး ဒုတိယမြို့နယ်ပညာရေးမှူးဦးတင့်ဘော်က ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် သာစည်မြို့နယ်မှ အောင်ချက်ရာခိုင်နှုန်းနှင့်ထူးချွန်စွာအောင်မြင်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး အထက (၁)ကျောင်းအုပ်ဆရာမကြီးဒေါ်ရီရီဝင်းက ကျေးဇူးတင် စကားပြောကြားသည်။ ထို့နောက်ဆုချီးမြှင့်ပွဲကိုပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊တာဝန်ရှိသူများက ငါးဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ တစ်ဦး၊ လေးဘာသာဂုဏ်ထူးဖြင့်အောင်မြင်

သူ သုံးဦး၊သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူနှစ်ဦး၊  နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ခြောက်ဦးနှင့်တစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၃၅ ဦး စုစုပေါင်း ဂုဏ်ထူးဖြင့်  ထူးချွန်စွာအောင်မြင်သူ  ၄၇  ဦးတို့အားဆုတံဆိပ်များ၊ဂုဏ်ပြုလွှာများနှင့်ဂုဏ်ပြု ဆုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါဆုချီးမြှင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ဆုရကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)