ဒိုက်ဦးမြို့တွင် "လူငယ်နဲ့အပြောင်းအလဲ" စာအုပ်ဖြင့် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

ဒိုက်ဦး သြဂုတ်  

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စာရေးဆရာမောင်မင်းစိုး ရေးသားသော "လူငယ်နဲ့အပြောင်းအလဲ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ ၁နာရီအချိန် က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေသက်အောင်က  "လူငယ်နဲ့အပြောင်းအလဲ" စာအုပ်ပါ လူငယ်နှင့်ပရဟိတစိတ်၊ (Book Club) အဖွဲ့ဝင် ဦးကျော်စိုး က မြင့်မြတ်သူတို့၏ လမ်းကြောင်း၊ ဒေါ်စိုးစိုးဝင်း (Book Club) က လူငယ်နှင့်သိစိတ်၊ ဦးစိုးထက်လင်း (Book Club) က လူငယ်နှင့်အပြောင်းအလဲ စသည့်အချက်များကို ဖတ်ကြားစေပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)