ညောင်ရွှေမြို့၌ မိုးရွာသွန်းမှုကြောင့် လူနေရပ်ကွက်အချို့ ရေကျော်မှုဖြစ်ပေါ်

ညောင်ရွှေ     ဩဂုတ်    

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၌ ..၂၀၂၂ရက် ညပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သာစည် ကန်အတွင်း ရေမျက်နှာပြင်မြင့်တက်ပြီး ယနေ့နံနက်ပိုင်းတွင် သာစည်ကန်အနီးရှိ သာစည်ရပ်ကွက်အတွင်း လမ်းအချို့နှင့်လူနေအိမ်အချို့တို့တွင် ရေလွှမ်းရေကျော်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေလွှမ်းရေကျော်မှုကြောင့် လူနှင့်အိမ်မွေးတိရစ္ဆာန်များ ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်းနှင့် လိုအပ်လာပါက အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာမှ အသင့်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

စိုင်းအယ်ဘဲ