တောင်ကြီး ဩဂုတ် ၉
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖက်ကွန်ကျေးရွာအုပ်စု၊ လင်းလေကျေးရွာ၊ ဖက်ကွန်-ဇလဲလမ်း(ဂျာမနီလမ်း) မိုင်တိုင်အမှတ် 11Km နှင့် 12Km ကြား ပေ(၅၀)ခန့်တွင် ယမန်နေ့ညပိုင်းအထိ တောင်ပြိုကျမှုကြောင့် လမ်းပေါ်မြေ ပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။
အဆိုပါလမ်းပိတ်ဆို့မှု ဖြစ်ပွားရာသို့ ကျေးလက်လမ်းဦးစီးဌာနနှင့် ဖက်ကွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့အဖွဲ့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရီးသွားပြည်သူများသွားလာမှု အဆင်ပြေစေရေးအတွက် လင်းလေကျေးရွာအတွင်းဖြတ်သွားသည့် ကုန်ထုတ်လမ်းဟောင်းကို လမ်းလွှဲအဖြစ်ဆောင်ရွက်ထားရှိကြောင်းနှင့် တောင်ပြို၍ လမ်းပေါ်ပိတ်ဆို့နေသောမြေများကို ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်