မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်
Aug 09,2022
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေပိုင်းတွင် မိုင်းလုံမြို့ နယ်မြေမီးသတ်စခန်းမှ တာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်ထက်က မီးဘေးလုံခြုံရေးနှင့်သက်ဆိုင်သော အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများ သိရှိရန်နှင့် လက်တွေ့အသုံးချရန်ရည်ရွယ်၍ ဟောပြောခဲ့ကြောင်း သိရသည်။