သတင်းများ

စဉ့်ကိုင်မြို့နယ်၌ သဘာ၀ရေပြင်ဖြစ်သော စွန်ရဲအင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Aug 10,2022
စိုက်ပျိုးရေး  မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်စွန်ရဲကျေးရွာအုပ်စု၊ ကျောက်ကုန်းကျေးရွာအတွင်းရှိ  သဘာ၀ရေပြင်ဖြစ်သောစွန်ရဲအင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်း အနားကို ယမန်နေ့ နံနက် (၈)နာရီအချိန်ကကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် မျိုးသန့်ခြံမှ ဆင်းသုခ(RS)မျိုးစပါးဖြင့် ‌တောင်သူများစုပေါင်း၍ မိုးစပါးစိုက်ပျိုး
Aug 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဒိုင်းပြကုန်းကျေးရွာအတွင်းရှိကွင်းအမှတ်(၁၅၄၅)၊ ဦးပိုင်အမှတ်- ၂/၃ တောင်သူ ဦးတာပိုနှင့် ဦးကြာတော့တို့၏လယ်မြေ(၁၀)ဧကတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးသန့်ခြံမှ မျိုးစေ့ထုတ်(RS-CS) ဆင်းသုခစပါးမျိုးကိုယမန်နေ့နံနက်ပိုင်းက တောင်သူများနှင့်ရွာသူ၊ရွာသားများစုပေါင်းစိုက်ပျိုးလျက်ရှိသည်။
ကျောင်းကျန်းမာရေးသီတင်းပတ် ကျောင်းအခြေပြုသံချဆေး တိုက်ကျွေးရေးလုပ်ငန်း အခမ်းအနားကျင်းပ
Aug 10,2022
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် ယမန်နေ့က ကျောင်းကျန်းမာရေး သီတင်းပတ်ကျောင်း အခြေပြုသံချဆေးတိုက်ကျွေးရေး လုပ်ငန်းဆောင်ရွက်မှု အခမ်းအနားကို ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမော်ကွန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စားသုံးသူပြည်သူများ အရည်အသွေးမှန်ကန်သည့် စားသုံးဆီများ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိစေရေးအတွက် ရပ်ကွက်အလိုက် လှည့်လည်ရောင်းချ
Aug 10,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူပြည်သူများ အရည်အသွေးမှန်ကန်သည့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိစေရေးအတွက် ရပ်ကွက်/ကျေးရွာများသို့ Mobile စနစ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီက သာယာအေးရပ်ကွက်၊ စံပြရပ်ကွက်နှင့် ပြည်တော်သာရပ်ကွက်များတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ လူငယ်များကို ပျိုးထောင်ပေးပါ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Aug 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများ စာပေမှ ဗဟုသုတများစွာ ရရှိစေရန်၊ စာပေကို ပိုမိုဖတ်ရှုနိုင်စေရန်နှင့် စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ လူငယ်များကို ပျိုးထောင်ပေးပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့် ငဖဲမြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်များအား software programme ရေးသွင်းနေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 10,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့ မွန်းလွဲ  ၂ နာရီအချိန်က မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်တာဝန်ရှိသူအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်များအား Software Program ရေးသွင်းပြီးစီးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်
Aug 10,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် စောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်
Aug 10,2022
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့၊ မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။