သတင်းများ

စဉ့်ကိုင်မြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါကာကွယ်ရေး နည်းလမ်းများအား လိုက်လံအသိပေးနှိုးဆော်
Jan 17,2022
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်တွင်  ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ  Omicron (အိုမီခရွန်)ရောဂါ  ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍  အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန် အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ပင်းချားကျေးရွာအုပ်စုတွင် ယနေ့ မွန်းလွဲ(၂)နာရီက  မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက BT Spaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ကျိုင်းတောင်းမြို့အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့အတွင်း ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များအား ယနေ့နံနက်၁၀ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်များသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ Hand Speaker ဖြင့် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ဂန္ဓမာပန်းစိုက်ပျိုးသူများ နှစ်စဉ်မိသားစုအပိုဝင်ငွေရရှိ
Jan 17,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းဦးကျေးရွာတွင် တစ်ပိုင်တစ်နိုင် ဂန္ဓမာပန်း စိုက်ပျိုးသူများ နှစ်စဉ်မိသားစု အပိုဝင်ငွေရရှိကြကြောင်းသိရသည်။
ပိုင်ကျုံမြို့ ကော့ဖမွတ်-ကော့ကစွယ် ကျေးရွာချင်းဆက်လမ်းအား ဂဝံမြေခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jan 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှု အဆင်‌ပြေစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပိုင်ကျုံမြို့‌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ‌ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ကော့ဖမွတ်-ကော့ကစွယ် ကျေးရွာချင်းဆက်လမ်းအား ဂဝံမြေခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရာနှုန်းပြည့်  ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် စာဖတ်ဝိုင်းကျင်းပ
Jan 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေကိုချစ်မြတ်နိုးပြီး စာအုပ်၊ စာစောင်များအား ဖတ်ရှုလေ့လာခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ဗဟုသုတအတွေးအမြင်များ အပြန်အလှန် ရရှိစေရန်၊ ကိုယ်တိုင်စဉ်းစား ဆုံးဖြတ်တတ်သော အတွေးအခေါ်များ ရရှိလာစေရန်နှင့် စာအုပ်စာပေ ချစ်မြတ်နိုးစိတ်များ ဖြစ်ပေါ်လာစေပြီး စာဖတ်ရှိန် မြင့်မားလာစေရန်အတွက် ရည်ရွယ်၍ Book Club အဖွဲ့နှင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်း (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သံတွဲခရိုင် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် ပြည်သူ့စာကြည့်တိုက် ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်
Jan 17,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပုံနှိပ်ကျွမ်းကျင်-၅(အင်အားပြ) ဒေါ်ဖြိုးဝေသူသည် ယနေ့ နံနက်ပိုင်းက စာရေးဆရာလင်းရောင်စင် ရေးသားသော ငါ့အတွက်ငါရှိတယ် စာအုပ်ဖြင့် လူငယ်လူရွယ် စာပေဝါသနာရှင်များအတွက် အသိပညာပေး စာအုပ်မိတ်ဆက်အစီအစဉ်ကို ရိုက်ကူးကာ Online မှတစ်ဆင့် ထုတ်လွှင့်ပြသ ပေးခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးဆောင်ရွက်ပေး
Jan 17,2022
မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးရဲမင်းထွန်းနှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ် ရပ်ကွက်ရှိ နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)နှင့်အိမ်ထောင်စု လူဦးရေစာရင်းမရှိသေးသူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ ကိုယ်ခံအား မြှင့်တင်ရေးလှုပ်ရှားမှုသရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Jan 17,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉နာရီခွဲအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသားကျောင်းသူများအတွက် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ ကိုယ်ခံအားမြှင့်တင်ရေးလှုပ်ရှားမှု သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။