သတင်းများ

မူဆယ်မြို့တွင် ယာဉ်အန္တရာယ်ကာကွယ်ရေးအတွက် ဆိုင်ကယ်စီး ပြည်သူများသို့ ဆိုင်ကယ်ဦးထုပ်များ အခမဲ့ဖြန့်ဝေ
Aug 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊ မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီး မြို့မရဲစခန်းရှေ့တွင် ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က ယာဉ်အန္တရာယ်ကာကွယ်ရေး အတွက် ဆိုင်ကယ်စီးပြည်သူများသို့ ဆိုင်ကယ်ဦးထုပ်များ အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။
တပ်ကုန်းမြို့၌ ကျား/မအခြေပြုအကြမ်းဖက်မှုအသိပညာပေးဟောပြောပွဲကျင်းပ
Aug 09,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျား/မအခြေပြုအကြမ်းဖက်မှု အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာရှုထောင့်မှ ရာဇဝတ်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 09,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်း၌ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာရှုထောင့်မှ ရာဇဝတ်မှုဆိုင်ရာ အသိပညာပေးပြောပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က အဆိုပါကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် ရပ်ရွာအခြေပြု မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန် ဆောင်ရွက်နိုင်ရေး သင်တန်း ဖွင့်လှစ်
Aug 09,2022
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ  ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးနှင့် ဖြစ်ပွားလာပါက တုံ့ပြန်ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ရပ်ရွာအခြေပြု မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး သင်တန်းကို ယမန်နေ့က ဒေါင်းရပ်အရှေ့ ကျေးရွာခန်းမတွင် ဖွင့်လှစ်ခဲ့ကြသည်။ဘ
အုတ်တွင်းမြို့နယ်၊ တပ်နယ်အခြေခံပညာ အထက်တန်းကျောင်းတွင် မီးငြှိမ်းသတ်ခြင်းများ လက်တွေ့သရုပ်ပြသ ဆောင်ရွက်
Aug 09,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ တပ်နယ်အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း ကျောင်းသား၊ ကျောင်းသူများအား မီးဘေးကြိုတင် ကာကွယ်ရေးအသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ်ကြုံလာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်းလက်တွေ့ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းဝန်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်း ဟောပြော ဆောင်ရွက်
Aug 09,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ကျေးလက်ကျန်းမာရေးဦးစီးဌာနက ဦးဆောင်ကြီးမှူး၍ မြို့နယ်အတွင်း ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် ကွင်းဆင်း အသိပညာပေး ဟောပြောခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မအီမြို့၊ လက်ပံကျေးရွာအုပ်စု၊ ဆံထုံးကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ကွင်းဆင်း ဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီး
Aug 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် တောင်ကိုင်းကျေးရွာရှိ ကျေးရွာတွင်းလမ်းအား ကွန်းကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးခဲ့ရာ အဆိုပါလမ်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံများက ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
စုကလိမြို့တွင် ဘိလပ်မြေအုတ်များ စျေးကောင်းရရန်မျှော်လင့်
Aug 09,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် ဘိလပ်မြေအုတ်လုပ်ငန်းများ ယခင်ထက်စျေးကောင်းရရန် မျှော်လင့်လျက်ရှိသည်။