အပြည်ပြည်ဆိုင်ရာလှေလှော် မြန်မာ့လက်ရွေးစင် နီလာဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း
Jan 17,2022
မေး။ အရင်ဦးဆုံး ညီမလေးရဲ့အမည်၊ မိသားစုဝင်ဦးရေ၊ နေရပ်၊ ပညာအရည်အချင်းနဲ့ အသက်ကို မိတ်ဆက်ပေးပါအုံး
ဖြေ။ ကျွန်မနာမည်ကတော့ နီလာဝင်းဖြစ်ပါတယ်ရှင်၊ မိသားစု ၆ ယောက်ရှိပြီး အဖေရယ် အမေရယ်၊ အစ်ကိုနှစ်ယောက်ရယ်၊ ကျွန်မရယ်၊ ကျွန်မအောက်မှာ မောင်လေးတစ်ယောက်ရယ် ရှိပါတယ်ရှင်၊ နေရပ်ကတော့ အထက်တံခွန်တိုင်ကျေးရွာ၊ ကန်ကြီးထောင့်မြို့နယ် ဖြစ်ပါတယ်ရှင်၊ ပညာအရည်အချင်းကတော့ B.A(Geography) အပြင်စီးပွားရေးတက္ကသိုလ်ကနေ ဘွဲ့လွန် ၂ ခု ရရှိထားပါတယ်၊ အဲ့ဒါတွေကတော့ Diploma In Management နဲ့ Development Studies တို့ဖြစ်ပါတယ်ရှင်၊ ကျွန်မအသက်ကတော့ ၃၃ နှစ် ဖြစ်ပါတယ်ရှင်။