သတင်းများ

ထန်းတပင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ) အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 09,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ်တွင် နေကြာသီးနှံအတွက် လိုအပ်သောမျိုးစေ့ဝယ်ယူရန် တောင်သူများလိုအပ်သော ငွေကြေးအရင်းအနှီးကို ပံ့ပိုးပေးနိုင်ရန်မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ)အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက  အဆိုပါ ရုံးအစည်းအ​ဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) သင်တန်းဖွင့်ပွဲ ကျင်းပ
Aug 09,2022
ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင် တက်ရောက်စေရန် ကျေးလက်နှင့် မြို့ပြ အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဖွံ့ဖြိုးမှုကွာဟမှု ကျဉ်းမြောင်းစေရန် ရည်ရွယ်၍  ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း
မြောင်းမြခရိုင်ရုံး Community Centre ခန်းမတွင် အမုန်းစကားနှင့် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်
Aug 09,2022
ဧရာတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အမုန်းစကားနှင့် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ နေ့လယ်(၁၂)နာရီအချိန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်​မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
Aug 09,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ဆွမ်ပရာဘွမ်မြို့ အခြခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် ကျောင်းသားကျောင်းသူများအား လူငယ်အသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင်  ခရိုင်ပြန်ဆက်ဦးစီးဋ္ဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဋ္ဌာနနှင့် မြို့နယ်စာရေးဆရာအသင်း၊ ပညာရေးဋ္ဌာနတို့ ပူးပေါင်း၍  လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ် (၃) အခြေခံပညာ အလယ်တန်းကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အုတ်တွင်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ၆၆/၆ များ Software Programme စာရင်း ရေးသွင်းခြင်းဆောင်ရွက်
Aug 09,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ များ Software Programme စာရင်းရေးသွင်းခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက စတင်၍ ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မချမ်းဘော့မြို့ အခြေခံပညာ အလယ်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ စာအုပ်ပြပွဲကျင်းပ
Aug 09,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ အခြေခံပညာ အလယ်တန်းကျောင်း၌ မူးယစ် ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှု ဆောင်ရွက်
Aug 09,2022
ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျန်းမာရေးနှင့်ညီညွှတ်သော လူနေမှုပုံစံများ (Healthy Life Styles) သိရှိကျင့်သုံးစွဲမြဲစေပြီး ကျန်းမာရေးအဆင့်အတန်း မြှင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ဩဂုတ်လရောက်တိုင်း သတ်မှတ်ဆောင်ရွက်လျက်ရှိရာ သာယာဝတီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီက အ.ထ.က-၂ သာယာဝတီကျောင်း၌ အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသားကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။