သတင်းများ

ချောင်းဆုံမြို့နယ်တွင် မြေပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ထောင်စုဝင်များနှင့် အိမ်ခြေ (၉) လုံး အတွက် ထောက်ပံ့
Aug 10,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင်  ဩဂုတ် ၆ ရက်နေ့က မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် မြေပြိုမှုဖြစ်ပွားခဲ့သည့် ညောင်လန်းကျေးရွာမှ ဘေးလွှတ်ရာသို့ပြောင်းရွှေ့ နေထိုင်သည့် အိမ်ထောင်စုများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ ညနေ(၄) နာရီက ညောင်လန်းကျေးရွာ သုဝဏ္ဏရာမ ဘုန်းတော်ကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ(အကြီးတန်းနှင့်အလတ်တန်း)ကျင်းပ
Aug 10,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မြို့မဘောလုံးကွင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၏ ကျောင်းကောင်စီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ (အကြီးတန်းနှင့်အလတ်တန်း)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လိုက်မြို့၌ ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာပြုလုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲကျင်းပ
Aug 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မြေဆီလွှာအတွင်း အာဟာရဓာတ်ဖွံ့ဖြိုးထက်သန်စေရန်၊ မြေဆီလွှာတိုက်စားမှုမှကာကွယ်ရန်၊ မြေတွင်းအစိုဓာတ်ကို ထိန်းသိမ်းရန်နှင့် ကုန်ကျစရိတ်သက်သာစေရန်အတွက် ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာပြုလုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့မ(၁)ရပ်ကွက်၊ သရက်ကုန်းရပ်၊ တောင်သဦးဖြူဖွေး လယ်မြေတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 10,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်အသင်းတို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျောက်ပန်းတောင်းမြို့ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ယမန်နေ့နေ့လယ် ၁ နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် နယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချခွင့်ပြုသည့် ဈေးများဆိုင်ရာ စည်းကမ်းများအား အစားထိုးပြင်ဆင်
Aug 10,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် နယ်နိမိတ်အတွင်း စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဥပဒေနှင့်အညီ ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့သည့် ဈေးများဆိုင်ရာစည်းကမ်း (Bye-Laws) များအား ၂၀၂၂ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့၌ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေပုဒ်မ ၃၂၃၊ ပုဒ်မခွဲ (က) တို့အရ အစားထိုးပြင်ဆင်လိုက်ကြောင်း သိရသည်။
ပူတာအိုမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်များ ခင်းကျင်းပြသ
Aug 10,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ပူတာအိုဒေသရှိ လူငယ်များမူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန် အတွက်
ဒေါ့ဖုန်းယန်မြို့၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်
Aug 10,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျောင်း ကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်း အမှတ်ပြပွဲ၊ ပြိုင်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။
အ-ထ-က(အင်္ဂပူ) ကျောင်းကောင်စီဖလား အမျိုးသား၊ အမျိုးသမီး ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်
Aug 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အ-ထ-က (အင်္ဂပူ) ကျောင်းကောင်စီဖလား အမျိုးသား၊ အမျိုးသမီး ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အ-ထ-က အင်္ဂပူကျောင်း အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။