သတင်းများ

ပေါင်းတည်မြို့၌ ကိုဗစ်-၁၉မျိုးရိုးဗီဇ မျိုးဗီဇပြောင်းအိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jan 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်မှုလျော့နည်း ကျဆင်းရေးအတွက် အသိပညာပေး လုပ်ငန်းများကို အဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ မျိုးရိုးဗီဇ မျိုးဗီဇပြောင်းအိုမီခရွန် (Omicron) အပါအဝင် ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုကို ယနေ့နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်း လိုက်လံအသိပေး​နှိုးဆော်ကြောင်း သိရသည်။
တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့် လှည့်လည် နှိုးဆော်ခဲ့သည်။
ငပု​တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ​ကျေးလက်​နေပြည်သူများအား ကိုဗစ်-၁၉ ​ရောဂါကာကွယ်​ဆေး ဒုတိယအသုတ် ပဥ္စမအကြိမ် ဆက်လက်ထိုးနှံ​ပေးလျက်ရှိ
Jan 17,2022
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဟင်းအိုး​ချောင်း​ကျေးရွာအုပ်စု ​ရေငံ-သရက်ကုန်းကျေးရွာတွင် အသက်(၁၈)နှစ်နှင့်အထက် ​ကျေးလက်​နေပြည်သူများအား ကိုဗစ်-၁၉ ​ရောဂါကာကွယ်​ဆေး ဒုတိယအသုတ် ပဥ္စမအကြိမ် စတင်ထိုးနှံ​ပေးခြင်းကို ငပု​တောမြို့နယ် ​ရေငံ-သရက်ကုန်းကျေးရွာ ဘုန်းတော်ကြီး​ကျောင်း ဓမ္မာရုံတွင် ယမန်​နေ့ နံနက်(၁၀) နာရီအချိန်က Sinopharm အမျိုးအစား ကာကွယ်​ဆေးထိုးနှံ​ပေးခြင်းကို ကျန်းမာ​ရေးဝန်ထမ်း များက ကိုဗစ်-၁၉ ကာကွယ်​ရေး ညွုန်ကြားချက်များနှင့်အညီ ဆက်လက်ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။
စစ်တွေ၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 17,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂) ကို ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဘောဂလိမြို့ အတွင်းရှိ မိဘပြည်သူများအား  ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ သတင်းအချက်အလက်များအား  အသိပေးခြင်း ဆောင်ရွက်
Jan 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဘောဂလိမြို့ အတွင်းရှိ မိဘပြည်သူများအား  သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က Hand Speaker ဖြင့် မြို့အတွင်း လှည့်လည် နှိုးဆော်ခဲ့ကြသည်။
ကျိုက်မရော၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Jan 17,2022
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။
နမ္မတူတွင် ကိုဗစ်-၁၉ရောဂါ မျိူးကွဲသစ် အိုမီခရွန်ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး (Hand Speaker) ဖြင့် အများပြည်သူအသိပညာပေးဆောင်ရွက်
Jan 17,2022
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိူးကွဲသစ်အိုမီခရွန်ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး (Hand Speaker)ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် နမ္မတူရပ်ကွက်နှင့် ပန်ဟိုက် ရပ်ကွက်တို့၌ ဆောင်ရွက်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် ပဉ္စမအသုတ်(ဒုတိယအကြိမ်)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ
Jan 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ  ဆရာတော်/သံဃာတော်များ၊ လူမှုရေးအသင်းအဖွဲ့များ၊  အသက်(၁၈)နှစ်အထက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ပဉ္စမအသုတ်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။