ပွင့်ဖြူမြို့နယ် ရေပုတ်ကလေးကျေးရွာတွင် (VRFP) စီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေး
Aug 10,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ရေပုတ်ကလေးကျေးရွာတွင် ကျေးရွာနေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ဩဂုတ် ၁၀ ရက်၊ နံနက် ၉ နာရီက ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) စီမံကိန်းချေးငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။