သတင်းများ

ရေနံလက်ယက်တွင်းတူး​ဖော်ရန်​လျှောက်ထားသည့်လုပ်ငန်းရှင်များအား​ရေနံတူးဖော်ခြင်းနှင့် ပတ်သက်သည့် အသိပညာ​ပေး​ဆွေး​နွေးပွဲ ကျင်းပ
Aug 10,2022
မ​ကွေးတိုင်း​ဒေသကြီး​၊ ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ ရေနံလက်ယက်တွင်း တူး​ဖော်ရန်​လျှောက်ထားသည့် လုပ်ငန်းရှင်များအား​​ ရေနံတူး​ဖော်ခြင်းနှင့် ပတ်သက်သည့် အသိပညာ​ပေး​ဆွေး​နွေးပွဲကို ယ​မန်​နေ့က အမှတ်(၂)​လုပ်သားများ အပန်း​ဖြေရိပ်သာ ​ချောက်ရေနံ​မြေလုပ်ငန်းခွင်သင်တန်း​ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
လက်ပံတန်းမြို့၌ ကျောင်းဈေးတန်းများအား စစ်ဆေး
Aug 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် မအူကုန်ရပ်ကွက်၊ (၁)လမ်း အထက(၁) ကျောင်းဈေးဆိုင်ခန်းများ၌ ရောင်းချလျက်ရှိသည့် မုန့်မျိုးစုံနှင့် လူသုံးကုန်ပစ္စည်းများအား စားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ မြန်မာဘာသာဖြင့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည်။
မြိတ်မြို့တွင် ဖိတ်ခေါ်ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီး(ဂိုးလတ်) ဘောလုံးပြိုင်ပွဲ စတင်ကျင်းပ
Aug 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ မျိုးဆက်သစ်အမျိုးသမီး ဘောလုံးအားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက်  အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် မြိတ်မြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလားဖိတ်ခေါ်ကျောင်းပေါင်းစုံ အသက် (၁၈)နှစ် အောက် အမျိုးသမီး(ဂိုးလတ်) ဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက မြို့မအားကစားကွင်း တွင် စတင်ကျင်းပခဲ့သည်။
မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက တစ်သိန်းကျော် စိုက်ပျိုးသွားရန် လျာထား
Aug 10,2022
မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မိုးစပါးကို စိုက်ဧကတစ်သိန်းကျော် စိုက်ပျိုးသွားရန် လျားထားကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပြင်ဦးလွင်ခရိုင်၌ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)အား Software Program စနစ်ဖြင့် Server အတွင်း ထည့်သွင်းခြင်းလုပ်ငန်းများဆောင်ရွက်မှုအပေါ် တာဝန်ရှိသူများကြည့်ရှုစစ်ဆေး
Aug 10,2022
နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များ Software Program စနစ်ဖြင့် Server အတွင်း ထည့်သွင်းခြင်းလုပ်ငန်းများကို ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ဆောင်ရွက်နေမှုများ အဆင်ပြေချောမွေ့စေရေးအတွက် ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်‌ ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Aug 10,2022
ရန်ကုန်တိုင်း‌ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် မိုးရာသီ၌အဖြစ်များသော ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာ‌ကွယ်နိုင်ရန်အတွက် ဆေးဖျန်းခြင်းလုပ်ငန်းများကို ညောင်ကျေးရွာဒိုင်စု‌ ရပ်ကွက်အတွင်းရှိအိမ်များ၊ ရေမြောင်းများ၊ ကျောင်းများတွင် ယမန်နေ့နံနက် ၉ နာရီ က‌ ဆေးဖျန်းဆောင်ရွက်သည်။
ပုံမှန်ဝင်ငွေရရှိနိုင်မည့် မှိုစိုက်ပျိုးခြင်း လက်တွေ့သင်ကြားပြသပေး
Aug 10,2022
မိရိုးဖလာလယ်ယာလုပ်ငန်းအပြင် မိသားစုတစ်ပိုင်တစ်နိုင် အလွယ်တစ်ကူ ပြုလုပ်နိုင်ပြီး ဝင်ငွေရရှိနိုင်သည့် ကောက်ရိုးမှိုပြုလုပ်ခြင်းလုပ်ငန်းကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကျေးရွာများသို့ သွားရောက်ကာ လက်တွေ့သင်ကြားပြသပေးလျက်ရှိကြောင်း သိရသည်။
စစ်တွေမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးအသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်
Aug 10,2022
စစ်တွေမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးအသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ နေ့လယ်ပိုင်းက စစ်တွေခရိုင်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။