မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်
Jan 17,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်း စတင်ကျဆင်း လာချိန်တွင် မိမိတို့နိုင်ငံအတွင်းသို့ ဗီဇပြောင်းမျိုးကွဲ(အိုမီခရွန်) ရောဂါပိုးများ ထပ်မံဝင်ရောက် လာခြင်းကြောင့် ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်မလာစေရေးနှင့် ရောဂါဖြစ်ပွားမှု ပြင်းထန်စွာ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အနီးကပ် ကြီးကြပ်ကွပ်ကဲမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာက ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်း က မြို့ပေါ်ရပ်ကွက်၊ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။