သတင်းများ

ကြံခင်းမြို့လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Aug 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ယမန်နေ့  နေ့လည်ပိုင်းက စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့် Woman Club အဖွဲ့ဝင်များက စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကြံခင်းမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) နှင့် ကျေးရွာဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံကိန်းကျေးရွာများ၏ စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Aug 10,2022
သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင် ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)နှင့် ကျေးရွာဖွံဖြိုးတိုးတတ်ရေး လုပ်ငန်း စီမံကိန်း (VDP)တို့၏ စီမံကိန်းကျေးရွာ များအား စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကြံခင်းမြို့ဧရာဦး ခန်းမတွင် ကျင်းပခဲ့သည်။
ကြူကုတ်-ဝမ်တိန်တံတား ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းအပေါ် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းဆွေးနွေး
Aug 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ နှစ်နိုင်ငံနယ်စပ် ကြူကုတ်-ဝမ်တိန်တံတား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို (၂၅.၇.၂၀၂၂) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ အဆင်ပြေချော့မွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မူဆယ်မြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးကျော်ကျော်မိုး၊ ပန်ဆိုင်း(ကြူကုတ်)မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်နှင့် ဌာနဆိုင်ရာများ၊ ယူနန်ပြည်နယ်ခွဲ၊ ရွှေလီပြည်ပရေးရာဌာန၊ဒု-ပြည်ပရေးရာဌာနမှူး ဒေါ်ဖြူဖြူဝင်း ဦးဆောင်သည့်အဖွဲ့တို့သည် ယနေ့နံနက်(၈:၃၀) အချိန်က နှစ်နိုင်ငံနယ်စပ် ကြူကုတ်-ဝမ်တိန်တံတားမြန်မာဘက်အခြမ်း၌ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့၌‌ ဆေးဆိုင်များအား ရှောင်တခင်စစ်ဆေး
Aug 10,2022
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် တရားမဝင်တားမြစ်ဆေးဝါးများ‌ ရောင်းချမှုမရှိ‌ စေရေးနှင့် လူသုံးကုန်အခြေခံဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့မဈေးကြီးအတွင်း ‌ဖွင့်လှစ်‌ရောင်းချ‌သော ဆေးဝါးအ‌ရောင်းဆိုင်များနှင့် ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချသော ဆေးဝါးအရောင်းဆိုင်များအား ရှောင်တခင် လိုက်လံစစ်ဆေး‌နေကြောင်း သိရသည်။
ဘောဂလိမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Aug 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ သိရှိပြီး ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။
မုဒုံမြို့နယ်တွင် နေကြာသီးနှံ စိုက်ပျိုးနိုင်ရေး တောင်သူများအား နည်းပညာပေး ဆွေးနွေးပွဲဆောင်ရွက်
Aug 10,2022
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ  ကျေးရွာများတွင်  နေကြာသီးနှံကို ယခုလာမည့် ဆောင်းရာသီ၌ တောင်သူများစိုက်ပျိုးနိုင်ရေးအတွက် နည်းပညာပေး ဆွေးနွေးခြင်းကို ယမန်နေ့က သာယာကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်း၌ တာဝန်ရှိသူများ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Aug 10,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)နှင့် မီဒီယာများတွေ့ဆုံပွဲ ကျင်းပ
Aug 10,2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းမျာနှင့် စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် မီဒီယာများနှင့် တွေ့ဆုံပြီး အသိပေးရှင်းလင်းပွဲ (၄/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။