သတင်းများ

စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Aug 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကျောင်းသား/ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် ဝါတွင်း ၃လကာလအတွင်း စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Aug 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝါတွင်း ၃ လကာလအတွင်း စုပေါင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့နံနက် ၆ နာရီခွဲအချိန်တွင် မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပသည်။
လှည်းကူးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်
Aug 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်ရှိ အောင်သုခအခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသား/သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်စေရန်နှင့် ခြင်အန္တရာယ်ကင်းရှင်းစေရေးအတွက် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ပြည်သူများ စာပေဖတ်ရှု့မှု ပိုမိုမြင့်မားလာစေရေး mobile စာငှားစနစ်ဖြင့် စာအုပ်များငှားရမ်းပေး
Aug 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံ‌မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန် များကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၁ နာရီက နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ
Aug 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ် ပြန်/ဆက် ဝန်ထမ်းများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသော “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” လူငယ်နှင့်ပညာဆိုင်ရာစာစု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ကျေးရွာများ၏ စိုက်ပျိုးရေးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးအတွက် အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သရုပ်ပြပွဲများ ဆက်လက်ဆောင်ရွက်
Aug 11,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သရုပ်ပြပွဲကို တူးကံကျေးရွာအုပ်စု တူးကံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့က ဆောင်ရွက်ခဲ့သည်။
အုတ်တွင်းမြို့နယ်၌ မိုးနေကြာမျိုးစေ့ထုတ်နှင့် တိရစ္ဆာန်အစားအစာအဖြစ် အစေ့ထုတ်ပြောင်း စိုက် ပျိုးထားရှိမှုအခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
Aug 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ဒေသအတွင်းစားသုံးဆီဖူလုံစေရေး၊ မျိုးကောင်း၊ မျိုးသန့်ရရှိထုတ်လုပ်နိုင်စေရေးနှင့် တိရစ္ဆာန်အစားအစာအဖြစ် အစေ့ထုတ်ပြောင်းစိုက်ပျိုးထားရှိမှု အခြေအနေများကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆင်းရွှေကြာ-၂မိုး နေကြာမျိုးစေ့ထုတ်စိုက်ပျိုးမှုနှင့် တိရစ္ဆာန်အစားအစာအဖြစ် အစေ့ထုတ်ပြောင်း စိုက်ပျိုးထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုအားပေး၍ လိုအပ်သည်များဖြည့်ဆည်း ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသား/ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ကျင်းပ
Aug 11,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသား/ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ပဲခူးမြို့ တိုင်းအားကစားခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။