သတင်းများ

သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှု တားဆီးနှိပ်နင်းရေး ဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်
Aug 11,2022
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် လူကုန်ကူးမှု တားဆီးနှိပ်နင်းရေးဆိုင်ရာ အသိပညာပေး(Talk Show)ကို ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့ နေလည် ၁၁ နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center တွင် စာဖတ်ဝိုင်းပြုလုပ်
Aug 11,2022
အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ စာပေ ချစ်သူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ မွေးမြူရေးဘဏ်စနစ်ဖြင့် မျိုးကောင်းမျိုးသန့် ဒေသဝက်များဖြန့်ဖြူး
Aug 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာ‌ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ မွေးမြူရေး ဘဏ်စနစ်ဖြင့် မျိုးကောင်းမျိုးသန့် ဒေသဝက်များ ဖြန့်ဖြူးပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကွန်နားကျေးရွာနေ အိမ်ထောင်စုများလက်ဝယ်သို့ ဖြန့်ဖြူး ပေးခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Aug 11,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ (အိုမီခရွန်) ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်လုံမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံပေး
Aug 11,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) (ဒုတိယအကြိမ်) ထိုးနှံခြင်းကို ယမန်နေ့၊ နေလယ် (၁)နာရီအချိန်က ပန်လုံမြို့၊ အထကကျောင်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်
Aug 11,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မြို့နယ်ကုတင်(၁၀၀)ဆေးရုံအုပ် ဒေါက်တာ‌ ဒေါ်သွယ်သွယ်ထွန်း၏ လမ်းညွှန်မှုဖြင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဒုတိယအပတ်အဖြစ် အသက် (၆)လမှ (၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် မှတ်ပုံတင်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယမန်နေ့က မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံ
Aug 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများ ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှုရရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉:၀၀) နာရီမှ နေ့လယ်(၃)နာရီအထိ အမှတ်(၂)ရပ်ကွက်ရှိ မယ်လမုရားဝန်းအတွင်းရှိ ဆေးထိုးစု ရပ်စင်တနှင့်အခြေခံပညာကျောင်းများတွင် ထပ်ဆောင်းကာကွယ်ဆေး Booster (Cinovac)၊ Sinopharm နှင့် Covaxin ကာကွယ်ဆေးများ သတ်မှတ်အလိုက် ထိုးနှံခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။