ဝါးခယ်မမြို့ သကျမဟာသီရိဘုရားကြီးဝန်းအတွင်းရှိ သံဃာတော်များ၊ ရှင်သာမဏေများနှင့် သီလရှင်များအား အာရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်း

ဝါးခယ်မ ဩဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ် ရေးမှူး ဦးစွမ်းထက်နှင့် ဝန်ထမ်းမိသားစုဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ စုပေါင်း၍ ယနေ့ နံနက် ၆ နာရီအချိန်တွင် ဝါးခယ်မမြို့ သကျမဟာသီရိ ဘုရားကြီးဝန်းအတွင်းရှိ ရဟန်းသံဃာတော်များ၊ ရှင်သာမဏေများနှင့် သီလရှင်များအား အာရုဏ်ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းသို့ အာရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုဝင်များမှ ဆရာတော်ကြီးများထံတွင် ငါးပါးသီလခံယူ‌ဆောက်တည်ကာ တရားဒေသနာတော်များနာကြားခဲ့ပြီး ဝါးခယ်မမြို့ သကျမဟာသီရိဘုရားကြီးဝန်းအတွင်းရှိ ရဟန်းသံဃာတော်များ၊ ရှင်သာမဏေများနှင့် သီလရှင် စုစုပေါင်း အပါး(၂၅၀)တို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)