မယ်စဲ့မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

မယ်စဲ့ ဩဂုတ် ၁

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် အနာဂတ် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှိလာစေရေး၊ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေး ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို  ယနေ့နံနက်  ၁၁ နာရီခွဲက အထက(မယ်စဲ့)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က ကျောင်းသား၊ ကျောင်းသူများ လိုက်နာကျင့်သုံးအပ်သည့် ပြည်သူ့နီတိဆိုင်ရာ ကျင့်ဝတ်များ၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ မိသားစုစိတ်ဓာတ်၊ အဖွဲ့အစည်း စိတ်ဓာတ်ရှိရေး၊ ရိုးရာဓလေ့ထုံးစံကို လေးစားတန်ဖိုးထားရေး၊ တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးရေး စသည့် လူငယ်လူရွယ်များ လိုက်နာကျင့်ကြံ ဆောင်ရွက်သင့်သည့် ကျင့်ဝတ်နီတိကို သိရှိနားလည်စေရေး ဆွေးနွေးဟောပြောသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန္တာမြင့်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)