ကျိုင်းလပ်မြို့၌ စည်ပင်သာယာရေးဦးစီးဌာနမှ ခမ်းကွန်းဈေး ပုဂ္ဂလိကကျေးလက်ကိုယ်ပိုင်ဈေး ဖွင့်လှစ်ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

ကျိုင်းလပ် ဩဂုတ် ၁၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ ဝမ်လန်းကျေးရွာအနီး ခမ်းကွန်းဈေး ပုဂ္ဂလိကကျေးလက်ကိုယ်ပိုင်ဈေး ဖွင့်လှစ်ထားရှိမှုအခြေအနေအား ယနေ့ နံနက်ပိုင်းက စည်ပင်သာယာရေးဦးစီးဌာနမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။

အဆိုပါ ခမ်းကွန်းဈေးကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လမှစတင်၍ ဒေါ်နန်းဆိုင်က ကျိုင်းလပ်မြို့ စည်ပင်သာယာရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိကကျေးလက်ကိုယ်ပိုင်ဈေးအဖြစ် အပတ်စဉ် ရှမ်းဥပုဒ်နေ့တိုင်း ဖွင့်လှစ်လျက်ရှိရာ ဈေးဖွင့်လှစ်ထားရှိမှုအခြေအနေအား စည်ပင်သာယာရေး ဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးအားဝေက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးဖွင့်လှစ်ခြင်းကို အပတ်စဉ် ရှမ်းဥပုဒ်နေ့သာမက ဈေးသည်များအားစည်းရုံး၍ ဗမာဥပုဒ်နေ့ကိုပါ တိုးချဲ့ဖွင့်လှစ်နိုင်စေရန် မိုင်ပါလျှိုးကျေးရွာအုပ်စု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအိုက်အင်အား အကြံပေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)