မိုင်းခုတ် ဩဂုတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် ဇနီးတို့မှကြီးမှူး၍ ဌာနဆိုင်ရာဝန်ထမ်းများက မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ရှုခင်းသာ(၂)ကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ဩဂုတ် ၁၀ ရက်နံနက် ၁၀ နာရီက ဝါဆိုမြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များအား စေတနာရှင်၊ အလှူရှင်များနှင့် ဧည့်ပရိသတ်အပေါင်းက ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ပြီး တပ်ဉီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာ၀ရထံမှ ငါးပါးသီလခံယူဆောက်တည်သည်။
ဆက်လက်၍ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် အလှူရှင်အပေါင်းက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ရှု့ခင်းသာ(၂)ကျေးရွာ၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက် ဆရာတော် အရှင်ပညာဇောတက ''အသက်ဆက်အလှူ''အကျိုးအားဟောကြားပြီး ဧည့်ပရိသတ်အပေါင်းက ဆရာတော်ထံမှ ရေစက်ချအနုမောဒနာ တရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး သံဃာတော်အရှင်သူမြတ်များအား ဆွမ်းနှင့် ခဲဖွယ်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)