ရေဖြူ ဩဂုတ် ၁၂
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကထုတ်ဝေသည့် “ရုံးလုပ်ငန်းလက်စွဲ” စာအုပ်ဖြင့် ဝန်ထမ်းများ ရုံးတွင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁ဝ)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်က မိမိတို့အားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန်၊ ရုံးလုပ်ငန်းများလုပ်ဆောင်ချက်များကိုသိရှိနားလည်ပြီး၊ ရုံးလုပ်ငန်း၏သဘောတရားများကို သိရှိလိုက်နာဆောင်ရွက်ရန်နှင့် ဝန်ထမ်းများ၏အရည်အသွေးများ တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ဝန်ထမ်းများရုံးတွင်းစာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဝန်ထမ်းများကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကထုတ်ဝေသည့် “ရုံးလုပ်ငန်းလက်စွဲ” စာအုပ်ပါ အခန်း(၇)ရုံးစာရေးသားနည်းကို ဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်ကလည်းကောင်း၊ အခန်း(၂) ဝင်စာများကိုအရေးယူဆောင်ရွက်ခြင်းကို ရုပ်သံကျွမ်းကျင်(၃) ဒေါ်ဟေမာဝင်းကလည်းကောင်း၊ အခန်း(၃)ထွက်စာများကို အရေးယူ ဆောင်ရွက်ခြင်းကို စာ/ထောက်(၃)ဒေါ်ဖြူဖြူဝင်းကလည်းကောင်း၊ အခန်း(၄)စာရွက်စာတမ်းများ လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်း ခေါင်းစဉ်တွင်ပါရှိသည့်အချက်များကို လုပ်သားရုပ်သံ ဒေါ်မေသူနိုင်ကလည်းကောင်း အသီးသီးဖတ်ကြားပြီး အချင်းချင်းပြန်လည်ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ရုံးလုပ်ငန်းလက်စွဲစာအုပ်တွင် အခန်း(၂ဝ)ခန်းပါဝင်၍ ဆွေးနွေးရန်ကျန်ရှိသည့်အခန်းများကို အပတ်စဉ်ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခတ္တာ