ကော့ကရိတ် သြဂုတ် ၁၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို တောင်ပေါ်ရပ် အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တောင်ပေါ်ရပ်အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမင်းသိန်းသန်းမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန္ဒာဝင်းက သဘာဝဘေးနှင့်ပတ်သက်သည့် ရေဘေး၊ လေဘေး၊ မီးဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေးစသည့်သဘာဝ ဘေးအန္တရာယ်များ ဘယ်လိုအချိန်တွေမှာ ကျရောက်တတ်သည့် သဘာဝဘေးမကျရောက်မီ ကျရောက်ဆဲကျရောက်ပြီးပါက သိရှိလိုက်နာရမည့် ဆောင်ရန်ရှောင်ရန်အချက်များနှင့် ဒီဒေသတွင်ဖြစ်တတ်သည့် သဘာဝဘေးအန္တရာယ်တို့ကို အသိပညာပေးဟော ပြောခဲ့သည်။
ထို့နောက်မြို့နယ်လူမှု၀န်ထမ်းဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်အေးအေးသင်းက ကလေးသူငယ် အခွင့်အရေး၊ လူကုန်ကူးမှုအန္တရယ်၊မူးယစ်ဆေးဝါးအန္တရာယ်နှင့် မိုင်းအန္တရာယ် အသိပညာပေးတို့နှင့်ပတ်သက်၍ လူကုန်ကူးမှုမခံရအောင် ဂရုတစိုက်နေထိုင်ကြရေး၊ မူးယစ်ဆေးဝါးကိုလုံး၀ မထိတွေ့မသုံးစွဲကြရေး စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာပေများကို ဖတ်ရှုရေးအသိ ပညာပေး ဟောပြောခဲ့ကြသည်။
ယင်းနောက် ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်အသိပညာပေးဗီနိုင်းနှင့် လက်ကမ်းစာစောင်များ လူမှု ဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)