သတင်းများ

သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
Aug 13,2025
မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ သရက်မြို့တွင် ယမန်နေ့နံနက် (၉) နာရီအချိန်ကစတင်၍ ရပ်ကွက် (၈) ရပ်ကွက်နှင့်အခြေခံပညာကျောင်းများ၊ ကျေးရွာ (၆၅) ရွာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကာလိမြို့တွင် mobile library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေး
Aug 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက (Mobile Library) စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ ညနေက အ.လ.က(ခွဲ)ကျိုင်းလွန်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရသူရိမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်
Aug 13,2025
တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Aug 13,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 
သရက်မြို့၌ ကျောင်းကျန်းမာရေးကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးကျန်းမာရေးဟောပြောပွဲ ကျင်းပ
Aug 13,2025
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းကျန်းမာရေးကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် (၁၀) နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင်  ဆောင်ရွက်ခဲ့သည်။
စေတုတ္တရာမြို့၌ အခြေခံပညာအထက်တန်းကျောင်းတွင် KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးခြင်းဆောင်ရွက်
Aug 13,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပညာရေးဌာနနှင့် ပူးပေါင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာ‌ကျောင်းများမှ KG တန်းကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးခြင်းကို ယနေ့နံနက် (၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့နယ် စိုင်ကောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေးပေး
Aug 13,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စိုင်ကောင်းကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ပြုလုပ်ခဲ့သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၆) (၈/၂၀၂၅) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ
Aug 13,2025
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၆) (၈/၂၀၂၅) သို့ တက်ရောက်ရန် မော်လမြိုင်မြို့၊ နယ်မြေခံသင်တန်းကျောင်းတွင် ရောက်ရှိနေသော မွန်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။