သတင်းများ

မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ စပါးမျိုးကွဲ-ရွှေရင်အေးစပါးမျိုး နွေစပါးစံပြစိုက်ကွက် ကွင်းသရုပ်ပြ ရိတ်သိမ်း
May 23,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကွဲ-ရွှေရင်အေးစပါးမျိုး နွေစပါးစံပြစိုက်ကွက် ကွင်းသရုပ်ပြရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက မိုင်းလွေကျေးရွာ ဦးပိုင်တောင်သူ ဦးအိုက်ပန်၏ လယ်မြေစံပြစိုက်ကွက်၌ ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်
May 23,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
မိုင်းယောင်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
May 23,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ
May 23,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အခြေခံပညာဦးစီးဌာနနှင့်၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် (၅၂) နှစ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီခွဲက အ.ထ.က (၂) ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အ​ခြေခံပညာကျောင်းများ၌ စတင်ကျောင်းအပ်လက်ခံ
May 23,2025
မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊  စလင်းမြို့နယ်တွင်၊  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ် မေလ(၂၂)ရက်နေ့မှ၊ ဇွန်လ(၁)ရက်နေ့အထိ၊  သတ်မှတ်ထားပြီး၊ ကျောင်းနေအရွယ်ကလေးများအားလုံး၊ အခြေခံပညာကို၊ ရာနှုန်းပြည့်  သင်ကြားနိုင်ရေးအတွက်၊  ယနေ့နံနက်(၉)နာရီအချိန်မှ၊  စတင်ကာ၊  မြို့နယ်အတွင်းရှိ ကျောင်းများအသီးသီးတို့တွင်၊  ကျောင်းအပ်လက်ခံလျက်ရှိကြောင်း  သိရသည်။
အိမ်မဲမြို့နယ် Community Centre ခန်းမတွင်သက်ငယ်မုဒိမ်းမှုပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
May 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်သက်ငယ်မုဒိမ်းမှုပပျောက်ရေး အသိပညာပေးဟောပြော ပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာ ရီအချိန်က ကျင်းပခဲ့သည်။
ဟင်္သာတမြို့ အကျဉ်းဦးစီးဌာနတွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
May 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၌ ဟင်္သာတခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ မေလ ၁၉ ရက်နေ့မှစတင်၍ ဟင်္သာတအကျဉ်းထောင်ဝန်းအတွင်း ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာ ရေးဝန်ထမ်းများ၊ အကျဉ်းဦးစီးဌာနတာဝန်ရှိသူများပူးပေါင်း၍ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
May 23,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်းရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ (၁၄၀ပေ×၃၀ပေ)RCC သုံးထပ်ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်း၌ ဘင်ခရာအဖွဲ့နှင့် ပန်းပွား အကများဖြင့် ကျင်းပခဲ့သည်။