သတင်းများ

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော် ဟိုတယ်ဇုန်(၂)အတွင်းရှိ ဟိုတယ်များ ကြည့်ရှုစစ်ဆေး
Aug 13,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် ဟိုတယ်ဇုန်(၂) ရာဇသင်္ဂဟလမ်းမကြီး‌ဘေးရှိ ဟိုတယ်များသန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု၊ မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင်မွမ်းမံဆောင်ရွက်နေမှုနှင့် ဧည့်သည်လက်ခံ၍ ဝန်ဆောင်မှုပေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
အ.ထ.က မိုင်းနောင်ကျောင်း မိဘ၊ ဆရာနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားပြုလုပ်
Aug 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မိဘ၊ ဆရာနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Aug 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မြို့မဈေးကွက်အတွင်း ရောင်းချသောဆန်များအား ဩဂုတ် ၁၁ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်း မြို့နယ်ပညာရေးမှူးဖလား ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီ ကျောင်း‌ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Aug 13,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် မြို့နယ်ပညာရေးမှူးဖလား ၂၀၂၅-၂၀၂၆ ပညာသင်နှစ် U-18(ကျား/မ)၊ U-13(ကျား/မ) မိုးရာသီကျောင်းပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယ‌နေ့နံနက် (၉) နာရီက မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်း ကျင်းပ
Aug 13,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား၊ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများနှင့် ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ်၌‌ ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ
Aug 13,2025
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးဟောပြောပွဲအခမ်းအနားကို အ.ထ.က (ကြို့ပင်ကောက်) ကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ် သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသည့် မိုးကြိုဝါအောင်မြင်ဖြစ်ထွန်းကာ စတင်ခူးဆွတ်
Aug 13,2025
ပျော်ဘွယ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသည့် မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ စတင်ခူးဆွတ်နေမှု မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်၌ လူငယ်ရေးရာနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Aug 13,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းလာစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဖံဖ(အ.လ.က-ခွဲ)ကျောင်းနှင့် တကူတာ(အ.မ.က) ကျောင်းတို့တွင် လူငယ်ရေးရာအသိပညာပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်းရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။