ဟိုပုံးမြို့ အ.ထ.က (၁) ကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း Diploma in Education and Pedagogy (Dip.EP) ၁/၂၀၂၅ ၏ စာမေးပွဲကျင်းပ
May 23,2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ အခြေခံပညာဦးစီးဌာန လုပ်ငန်းခွင်အတွင်းရှိ ပညာရေးဒီပလိုမာ မရရှိသေးသည့် ဆရာ၊ ဆရာမများကို ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာဘွဲ့ ရရှိစေပြီး ဆရာအတတ်ပညာ အရည်အသွေးပိုမိုပြည့်ဝကာ သင်ကြားရေးစွမ်းရည်မြင့်မားပြီး စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သော ဆရာ၊ ဆရာမများဖြစ်လာစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း Diploma in Education and Pedagogy (Dip.EP) ၁/၂၀၂၅ ၏ ပညာရေးသဘောတရား၊ ဂီတအနုပညာဘာသာရပ် စာမေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုခဲ့ကြောင်း သိရသည်။