သတင်းများ

ဖောင်းပြင်မြို့နယ်၌ လူငယ်ရေးရာဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို မြို့နယ်အခြေခံပညာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဖောင်းပြင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံ နက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးမြောက်
Mar 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲကို မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းက ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးမြောက်ခဲ့ကြောင်း သိရသည်။
ခမောက်ကြီးမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၂ခုနှစ် မတ်လ ၂၇ ရက်နေ့၌ ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ်တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ
Mar 23,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက မြစ်သားမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများရုံးများ၊ အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာများသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လဟယ်မြို့တွင် လုပ်ငန်းရှင်ကြီးများနှင့် ငရုတ်သီးထုတ်ကုန်ပြပွဲကျင်းပ
Mar 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဒေသစိုက်ပျိုးရေး ဦးစီးဌာနက ကြီးမှူးကျင်းပသော လုပ်ငန်းရှင်ကြီးများနှင့် ငရုတ်သီးနှံထုတ်ကုန်ပြပွဲ အခမ်းအနား ယနေ့နံနက် (၀၉:၃၀)ချိန် ဒေသစိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပါသည်။
ညောင်ရွှေမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 23,2022
ရှမ်းပြည်နယ် ညောင်ရွှေမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပသည်။
ရမည်းသင်းမြို့နယ်၌လူငယ်ဘက်စုံဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကျင်းပ
Mar 23,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ အမှတ်(၅)မြို့မအခြေခံပညာ အထက်တန်းကျောင်း၌ မတ်လ ၂၃ ရက် နံနက် ၁၁ နာရီ ကကျောင်းသား၊ ကျောင်းသူလူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက် မြက်ရေး၊အကျင့် စာရိတ္တကောင်းမွန် ရေးနှင့် ကျန်းမာ ကြံ့ခိုင်စေရန် ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာန၊ပြန်ကြားရေးဝန်ကြီးဌာနနှင့်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း ၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 23,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၁၁)နာရီက တံတားဦးမြို့တွင် လူစည်ကားသည့်နေရာများဖြစ်သော တံတားဦးမြို့မဈေး၊ နကျော်ဒဈေးနှင့် တံတားဦးမြို့ အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၂ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော် နေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးကြကြောင်းသိရသည်။