လားရှိုးမြို့တွင် နယ်လှည့်စာကြည့်တိုက်နှင့် လူငယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Mar 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးစခန်း၊ စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း (အမျိုးသမီး) (၁/၂၀၂၂) တက်ရောက်နေသော သင်တန်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်နှင့် လူငယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉)နာရီအချိန် က ကျင်းပပြုလုပ်ခဲ့သည်။