ပေါင်းတည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးမြောက်

ပေါင်းတည် မတ် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲကို မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းက ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးမြောက်ခဲ့ကြောင်း သိရသည်။

ဖြေဆိုရာတွင် အ​ခြေခံပညာမူလတန်းဆင့် GRADE4၊ GRADE 6 နှင့် GRADE 8 အတန်းများကို မတ်၁၇ရက်မှ ၁၉ရက်နေ့ထိနှင့်(၁)ရက်လျှင် (၂)ဘာသာဖြင့်လည်းကောင်း၊ အထက်တန်းဆင့် သင်ရိုးသစ် GRADE-10 နှစ်ဆုံးစာမေးပွဲကို မတ် ၁၇ ရက်မှ ၂၁ ရက်ထိလည်းကောင်း၊ အထက်တန်းဆင့် GRADE-11(သင်ရိုးဟောင်း) တိုင်းအဆင့်နှစ်ဆုံးစာမေးပွဲကို မတ် ၁၇ မှ ၂၃ရက်နေ့အထိလည်းကောင်း ဖြေဆိုခဲ့ရာယနေ့တွင် အေးချမ်းစွာဖြေဆိုပြီးမြောက်ကြောင်းနှင့် မြို့နယ်အတွင်း အခြေခံပညာအတန်းများတွင် နှစ်ဆုံးစာမေးပွဲဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၈၂၁၇ ဦးဖြစ်ပြီး ရာခိုင်နှူန်းအားဖြင့်၈၉.၃၇ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)