သတင်းများ

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (ရွာသစ်ကြီး)တွင် အသိပညာပေးဟောပြောပွဲကျင်းပ
Mar 22,2022
စစ်ကိုင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနနှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် (ရွာသစ်ကြီး)တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို မတ်(၂၁)ရက်၊ နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၌ သဘာဝ‌ဘေးကြိုတင်ကာကွယ်ရေး အစည်းအဝေးဆောင်ရွက်
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ လတ်တလောဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရေးနှင့် အရေးပေါ်အခြေအနေတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့၌ အားကောင်းသော မုန်တိုင်းငယ် သတိပေးချက်များ လှည့်လည်နှိုးဆော်
Mar 22,2022
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ ယနေ့တွင် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါနေသော အားကောင်းသော မုန်တိုင်းငယ် (Depression)နှင့် ပတ်သက်၍ ပြည်သူများသိရှိနိုင်ရန် ယနေ့ နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်များဖြင့် နှိုးဆော် လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ကျေးလက်နေပြည်သူများကို နေ့စဉ် ကွင်းဆင်း ထိုးနှံပေး
Mar 22,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံစွာထိုးနှံ ပြီးစီးရေးအတွက် ဆေးထိုးစုရပ်များခွဲပြီး ကျေးရွာအရောက် ကွင်းဆင်း၍ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသော ကျေးလက်နေ ပြည်သူများကို ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က နေ့စဉ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးနေကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။
ဒေးဒရဲမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၉)နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ နွေနှမ်းနှင့် အခြားနွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေး လယ်ယာမြေပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေ
Mar 22,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေး အတွက် မတ် ၁ ရက်နေ့က စတင်ပြီး ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်း မြောင်းမကြီးတို့မှတစ်ဆင့် စိုက်ပျိုးရေများ ဖြန့်ဝေဆောင်ရွက်ပေးထားရာ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက နွေနှမ်းနှင့် အခြားနွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် လယ်ယာသုံး စက်ကိရိယာများဖြင့်လည်းကောင်း၊ ကျွဲနွား တိရစ္ဆာန်များဖြင့်လည်းကောင်း မိမိတို့၏ လယ်ယာမြေများကို ကြိုတင်ပြုပြင် ဆောင်ရွက်နေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
ကြို့ပင်ကောက်မြို့တွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်သော ပိုက်ဆံလျော်မျိုးစေ့ ထုတ်ဧက ၂၀ စိုက်ပျိုးထားရှိ
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ၏ စိုက်ပျိုးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်သော ပိုက်ဆံလျော်မျိုးစေ့ထုတ်ဧက ၂၀ စိုက်ပျိုး ထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျိုက်လတ်၌ မုန်တိုင်းဖြစ်ပေါ်နေစဉ် ကာလအတွင်း လှေ၊ ကူတို့ သင်္ဘောများအား သတိပြု ဆင်ခြင်နိုင်ကြရန် သတိပေး‌ထုတ်ပြန်ချက်များ အသိပေးနှိုးဆော်
Mar 22,2022
အားကောင်းသော မုန်တိုင်းငယ် (Deep Depression) ၏ လက်ရှိအခြေအနေမှာ မုန်တိုင်း၏ အဝန်း အဝိုင်းသည်  မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင် ရောက်မည့် အခြေအနေဖြစ်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ပါကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသောကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍  မုန်တိုင်းဖြစ်ပေါ်နေစဉ် ကာလအတွင်း လှေ၊ ကူတို့၊ သင်္ဘောများအား သတိပြုဆင်ခြင်နိုင်ကြရန် သတိပေးထုတ်ပြန်ချက် များအား ယနေ့ နံနက်ပိုင်းမှ စတင်၍ လူစည်ကားရာနေရာများနှင့် မြစ်ကမ်းတစ်လျှောက်တွင် အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည်။