ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (ရွာသစ်ကြီး)တွင် အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်း မတ် ၂၂

စစ်ကိုင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနနှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် (ရွာသစ်ကြီး)တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို မတ်(၂၁)ရက်၊ နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆွေးနွေး ဟောပြောရာ မီးလောင်မှုဖြစ်ပွားရသည့်အချက်များ၊ ပေါ့ဆမီးကြောင့်မီးလောင်ရသည့် အခြေအနေများ၊ လျှပ်စစ် ဝါယာကြိုးများ၊ မီးခလုတ်များ ဟောင်းနွမ်း၍ မီးလောင်ရသည့်အခြေအနေများ၊ ထိုသို့မဖြစ်ပွားရအောင် မိမိတို့ ပတ်ဝန်းကျင်တွင် သန့်ရှင်ရေးကအစ လျှပ်စစ်ဝါယာကြိုးများ ကောင်းမွန်ရေး စဉ်ဆက်မပြတ် ကြည့်ရှူ့ စစ်ဆေးကြရန် တို့ကို ဆွေးနွေးပေးခဲ့ပြီး မီးငြိမ်းသက် နည်း များကို လက်တွေ့သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။

ဟောပြောပွဲသို့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(ရွာသစ်ကြီး) ဒုတိယ ပါမောက္ခချုပ်နှင့် ဌာနမှူးများ၊ ဆရာ/ ဆရာမများ၊ သင်တန်းသူ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်