သတင်းများ

ခမောက်ကြီးမြို့တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ  ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
Mar 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိုနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွှဲ(၁:၀၀)အချိန်က ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်၌ အသက်(၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်
Mar 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ကာကွယ်ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်မှ ညနေ ၃ နာရီအချိန်အထိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား COVISHIELD ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သုဝဏ္ဏ(၂၉)ရပ်ကွက်၊ မင်းဒင်လမ်း ပုညကာရီဓမ္မာရုံနှင့် ကျိုက္ကစံဘုရားဝန်းအတွင်းရှိ ဓမ္မဗိမာန်တော်ဓမ္မာရုံတို့၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးရသေးသူများအား နေရာ ၃ ခုတွင် နေ့စဉ်ထိုးနှံ
Mar 22,2022
မိတ္ထီလာမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးရသေးသူများအား နေရာ ၃ ခုတွင် ကာကွယ်ဆေး ထိုးနှံရေး ယာယီဆေးခန်းများဖွင့်လှစ်၍ ထိုးနှံပေးလျက်ရှိပြီး နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သဘာဝဘေး စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သဘာဝဘေး စီမံခန့်ခွဲရေး ကော်မတီ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေး နှိုးဆော်ကြေညာခြင်းလုပ်ငန်းများ ဆောင်ရွက်
Mar 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းအခြေအနေကြောင့် မုန်တိုင်း အန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းကို မွန်းတည့် ၁၂နာရီ အချိန်က စမ်းချောင်းမြို့နယ် အတွင်းတွင် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
လပွတ္တာခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ( ၁၁)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
မအူပင်ခရိုင် Community Centre ခန်းမ၌ ကွန်ပျူတာနှင့် ကွန်ပျူတာဗိုင်းရပ်များဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ် သင်တန်းသားမောင်အောင်ခန့်ကျော်တို့ ပူးပေါင်းပြီး ကွန်ပျူတာနှင့် ကွန်ပျူတာဗိုင်းရပ်များဆိုင်ရာ အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မိုးညိုမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 22,2022
မိုးညိုမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်သည်။