သတင်းများ

ဝါးခယ်မမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီအား ဖွဲ့စည်းထားရှိ
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်  သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့အစည်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်(ဥက္ကဋ္ဌ)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူး မင်းထွဋ်(ဒု-ဥက္ကဋ္ဌ)၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး ဇော်နိုင်ဦး(အတွင်းရေးမှူး)၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးတိုးနိုင်ဦး (တွဲ-အတွင်းရေးမှူး)နှင့် အဖွဲ့ဝင်(၁၅)ဦးတို့ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင်  ကွပ်ကဲမှုရုံး ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ် မြေစိုက်နံရံကပ်ပြဘုတ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေး နံရံကပ် စာစောင်များ ပြသထား
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေး နံရံကပ်စာစောင် များကို ယမန်နေ့က ပြသထားရှိကြောင်း သိရသည်။
လဲချားတွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်သင်ကြားပေး
Mar 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း အခြေခံ သင်တန်းကို ယမန်နေ့မွန်းလွဲ(၃)နာရီခွဲအချိန်က သီရိဟံသာခန်းမတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။
စဉ့်ကူးမြို့၌ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 22,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မတ်လ(၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့တွင်း လူစည်ကားသည့် နေရာများတွင် (အခမဲ့) ဖြန့်ဝေပေးခဲ့သည်။
ဝမ်းတွင်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 22,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့တွင်လူငယ်ရေးရာအသိပညာရေးဟော ပြောပွဲကိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာန၊ အထက်တန်းကျောင်း(ဝမ်းတွင်း)၊ အားကာစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့က အထက်တန်းကျောင်း (ဝမ်းတွင်း)ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဇီးကုန်းမြို့နယ်တွင် မုန်တိုင်းသတိပေးကြေညာချက်အား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်
Mar 22,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မုန်တိုင်းသတိပေး ကြေညာချက်အား မြို့နယ်အတွင်း ပြည်သူများသိရှိနိုင်စေရန် အသံချဲ့စက်ဖြင့် ယမန်နေ့နေ့လယ်ပိုင်းက လှည့်လည်အသိပေး နှိုးဆော်ခဲ့သည်။
မြောင်းမြ​ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံရှေးဦး သူနာပြုစုခြင်း သင်တန်းဖွင့်လှစ်
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အခြေခံ ရှေးဦးသူနာပြုစုခြင်း သင်တန်းကို မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြောင်းမြခရိုင် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ မတ်လ ၂၀ရက်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်တွင်  လူငယ်ရေးရာ  အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 22,2022
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်  အခြေခံပညာအထက်တန်းကျောင်း(စဉ့်ကိုင်)  သဇင်ခန်းမ၌  လူငယ်ဘက်စုံ  ဖွံ့ဖြိုးတိုးတက်ရေး  အစီအစဉ်အဖြစ်  ကျောင်းသား/ ကျောင်းသူလူငယ်များအကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍မြို့နယ်ပညာရေးဌာန၊  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊  အားကစားနှင့် ကာယပညာဦးစီးဌာန တို့ပူးပေါင်း၍ ယမန်နေ့နံနက်(၁၁)နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။