စမ်းချောင်း မတ်၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းအခြေအနေကြောင့် မုန်တိုင်း အန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းကို မွန်းတည့် ၁၂နာရီ အချိန်က စမ်းချောင်းမြို့နယ် အတွင်းတွင် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေး လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်ထိုက်နှင့် တပ်ဖွဲ့ဝင်များ၊မြို့နယ်စည်ပင်အဖွဲ့၀င်များ ပူးပေါင်း၍ မုန်တိုင်းမဖြစ်ခင် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ မုန်တိုင်း သတိပေးချက်ပါ ဆောင်ရွက်ရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်အချိန်တွင် လိုက်နာရန် အချက်များ၊ ရှောင်ရှားရန် အချက်များ၊ မုန်တိုင်း ဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်များဖြင့် သတိပေးစနစ်များအား လှည့်လည်နှိုးဆော်ခဲ့ကြ ကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း