ခမောက်ကြီးမြို့တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ  ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

ခမောက်ကြီး မတ်လ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိုနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွှဲ(၁:၀၀)အချိန်က ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ထိုအစည်းအဝေးတွင် မတ်လ(၃၁)ရက်နေ့မှဧပြီလ(၉)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် လိုအပ်သည်များကို ပူးပေါင်းလုပ်ဆောင်နိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ခမောက်ကြီးမြို့ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များ၊ ကျောင်းသားမိဘများတက်ရောက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခမောက်ကြီး(ပြန်/ဆက်)