မအူပင် မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ် သင်တန်းသားမောင်အောင်ခန့်ကျော်တို့ ပူးပေါင်းပြီး ကွန်ပျူတာနှင့် ကွန်ပျူတာဗိုင်းရပ်များဆိုင်ရာ အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မအူပင် ကွန်ပျူတာ တက္ကသိုလ် ပထမနှစ်ကျောင်းသား မောင်အောင်ခန့်ကျော်က ပြည်သူများ ကွန်ပျူတာနှင့် ကွန်ပျူတာ ဗိုင်းရပ်များ၏ သမိုင်းကြောင်း ကွန်ပျူတာစတင်ဖြစ်ပေါ်ပုံ ကွန်ပျူတာနှင့် ပတ်သက်သည့် ဗိုင်းရပ်ကူးစက်မှုအခြေအနေနှင့် အသုံးပြုမှုများအား ပြည်သူများ သိရှိနိုင်ရေး ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(မအူပင်)